မန်ချက်စတာယူနိုက်တက် ၂ – ၀ ခရစ္စတယ်ပဲလေ့စ် (ရုပ်သံဟိုက်လိုက်)
ဧပြီ ၂၀ ရက်နေ့က ယှဉ်ပြိုင်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းက ခရစ္စတယ်ပဲလေ့စ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ပွဲစလို့ ၇ မိနစ်မှာ ပဲလေ့စ်အသင်းက ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်ယူအသင်း အဖွင့်ဂိုးရရှိခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ ဒါမီယန်က မန်ယူအတွက် ဒုတိယဂိုး သွင်းယူပြီး ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
မန်ယူအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း ၁၆ ကြိမ်အထိ ရှိခဲ့ပါတယ်။
အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့်လည်း မန်ယူပရိသတ် အတော်များများက ပွဲကို လာရောက် အားပေးခဲ့ခြင်း မရှိပါဘူး။
ဒီပွဲစဉ်အပြီးမှာတော့ မန်ယူက ၃၄ ပွဲကစား ၅၉ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၅ နေရာမှာ ရပ်တည်နေပြီး ၃၃ ပွဲကစားထားတဲ့ နံပါတ် ၄ နေရာက အာဆင်နယ်နဲ့ တမှတ်အကွာမှာ ရှိနေပါတယ်။