A d v e r t i s e m e n t With Us

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သံအမတ်များနှင့် တွေ့မည်

ဓာတ်ပုံ - အမ်အိုအိုင်
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒများကို ရှင်းလင်းပြောကြားဖို့ ပြည်တွင်းပြည်ပ သံတမန်တွေနဲ့ တွေ့ဆုံမယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပါတယ်။ ဧပြီလ ၂၂ ရက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်များ၊ ဒုတိယသံအမတ်ကြီးများ စုစုပေါင်း ၇၀ ကျော်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုရှိန်ကို ကိုးကားပြီး ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့တာဖြစ်ပြီး ဒီမူဝါဒကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူလက်ခံကြောင်း မကြာသေးမီက ပြောခဲ့တဲ့ သူမရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပါရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up