Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြီး စောမိုရှေးကို ဒီကေဘီအေ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်
နော်နိုရင်း
·
April 20, 2016
ကွယ်လွန်သွားပြီဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) စစ်ဦးချုပ် ဗိုလ်ချုပ်စောလားဘွယ်နေရာကို ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမိုရှေးကို ခန့်အပ်လိုက်ပါ တယ်။ ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်မှာ ပြုလုပ်တဲ့ ဒီကေဘီအေ တပ်မှူးများအစည်းအဝေးရဲ့ ပထမနေ့မှာပဲ ရွေးချယ်ခန့်အပ်လိုက်တာဖြစ်သလို ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ဦးစီး အရာရှိချုပ်အဖြစ် ဗိုလ်ချုပ် စောမူးခိုတို့ကိုလည်း ရွေးချယ်တင်မြှောက်လိုက်ပါ တယ်။ ဒါ့အပြင် ဒေါ့နအရှေ့ခြမ်း စစ်ကွပ်ကဲရေးကို ဗိုလ်မှူးကြီးစောစိန်မြင့်နဲ့ ဒေါနအနောက်ခြမ်း စစ်ကွပ်ကဲမှူးကိုတော့ ဗိုလ်မှူးကြီး စောတာဃူးကို ရွေးချယ်တင်မြှောက်ခဲ့တယ်လို့ ဒီကေဘီအေရဲ့ မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ကြီးစောစောမြင့်က ပြောပါတယ်။ ရွေးချယ်လိုက်တဲ့ စစ်ဦးချုပ်အသစ်အနေနဲ့ အရင် ဗိုလ်ချုပ်ကြီးစောလားဘွယ်လျှောက်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း လျှောက်လမ်းမယ်လို့ ပြောဆိုခဲ့တယ်လို့ စောစိုးမြင့်က ပြောပါတယ်။ “ရှေ့လုပ်ငန်းစဉ်က အရင်အဖိုး ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးကိုရအောင်ယူ၊ ရအောင်တည်ဆောက် သူသည်ငြိမ်းချမ်းရေးကို ဦးစာ အုတ်မြစ်ချခဲ့တဲ့အတိုင်းပဲ ဒုတိယစစ်ဦးစီးချုပ်ကနေမှ စစ်ဦးစီး ချုပ်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ကြီးစောမိုရှေးကလည်း ဒီအတိုင်းပဲ ဆက်လျှောက်မယ်။ တပ်ဖွဲ့စည်းလုံး ညီညွှတ်မှုရှိဖို့ လေးလေးနက်နက်ဆောင်ရွက်ဖို့အတွက် ထပ်လောင်းမှာကြားတယ်။ ဒီထက် ခိုင်မှာကျစ်လျစ်တဲ့ တပ်မတော်သစ်တရပ်ပေါ်ပေါက်ဖို့အတွက် စစ်ဦးစီးချုပ်သစ်က အားထည့်ထားတာပေါ့နော်။” ဒီကေဘီအေ တပ်မှူးများအစည်းအဝေးကို ဧပြီလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး ဒီကေဘီအေရဲ့ တပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးနေကြတယ်လို့လည်း ဗိုလ်ကြီးစောစိုးမြင့်က ပြောပါတယ်။ ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ အရင်က ဒီကေဘီအေရဲ့ ဒု စစ်ဦးစီးချုပ် ဖြစ်ပါတယ်။ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ဟာ မတ်လ ၁၃ ရက်နေ့က ပဲခူးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024