A d v e r t i s e m e n t With Us

စင်ကာပူ ရေနံလှောင်ကန်ကြီး မီးလောင် (ရုပ်သံ)

ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းက စင်ကာပူနိုင်ငံ ဂျရုန်းကျွန်းပေါ်က ရေနံလှောင်ကန် မီးလောင်ခဲ့ပါတယ်။ စင်ကာပူလူထုကာကွယ်ရေးအဖွဲ့ကတော့ ဒီမီးလောင်ကျွမ်းမှုအတွက် သတင်းရရှိခဲ့ပြီး အရာရှိတွေလည်း ဒီနေရာကို ရောက်နေတယ်လို့ ဆိုပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို မသိရသေးပေမယ့် ရေနံလှောင်ကန်ရဲ့ အချင်းကတော့ မီတာ ၄၀ ရှိတယ်လို့ ချာနယ်နယူးအေးရှားသတင်း ဌာနက ရေးပါတယ်။ မီးတောက်တွေကို ပင်လယ်ကနေတောင် မြင်နေရသလို လူမှုရေးကွန်ရက်ကနေတဆင့် ပေးပို့လာတဲ့ ဓာတ်ပုံတွေ အရ မီးခိုးတွေကိုလည်း မြင်နိုင်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up