အစိုးရနှင့် ရက္ခိုင့်တပ်မတော် တိုက်ပွဲများကြောင့် ဒေသခံ ၂၅၀ ကျော် စစ်ဘေးရှောင်









2K
အစိုးရနှင့် ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဧပြီလ ၁၇ ရက်နေ့ကစပြီး ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြား နတ်အိုင်တောင်ပေါ် ကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင် ထွက်ခွာလာနေကြပါတယ်။
ဧပြီလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အိမ်ထောင်စု ၅၉ စုက လူဦးရေ ၂၅၇ ဦးတို့ ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသို့ စစ်ဘေးရှောင် ထွက်ပြေးရောက်ရှိလာတာဖြစ်ပါတယ်။
(ဓာတ်ပုံ - ကိုအောင်)