A d v e r t i s e m e n t With Us

မက္ကဆီကို မီးတောင်ပေါက်ကွဲမှု ရုပ်သံဖိုင် ဖြန့်ချိ

မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက ပိုပိုးကတယ်ပယ်(Popocatepetl)မီးတောင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က ပေါက်ကွဲပြီး မီးတောင်ပြာတွေနဲ့ ချော်ရည်တွေ အန်ထွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်တွေကို ရိုက်တာသတင်းဌာနက ပေးပို့ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာတွေ မီးတောင်ထိပ်ဝကနေ အမြင့် ၃ ကီလိုမီတာလောက်အထိ ရောက်ရှိခဲ့ပြီး မီးတောင်အနီးက ပွေပလာ(Puebla)မြို့မှာ မီးတောင်ပြာတွေ ဖုံးအုပ်ခဲ့ပါတယ်။ မြို့နယ်လေဆိပ်ကိုလည်း ယာယီပိတ်ခဲ့ရပြီး မီးတောင်အနီးပတ်ဝန်းကျင်ကို အ၀ါရောင် သတိပေးတားမြစ်နယ်မြေအဖြစ် ထုတ်ပြန်ထားခဲ့ပါတယ်။ ဒေသခံတွေ ကျန်းမာရေးအကာအကွယ်ယူကြဖို့လည်း ဒေသခံကျန်းမာရေး အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဒီမီးတောင်ဟာ ၁၉၉၅ ၀န်းကျင်လောက်ကစပြီး အဆက်အပြတ်လှုပ်ရှားလာခဲ့ပြီး ပြီးခဲ့တဲ့လတွေအတွင်း လှုပ်ရှားမှု ပိုပြီး ပြင်းထန်လာတာပါ။ မက္ကဆီကိုနိုင်ငံမှာ မီးတောင်အလုံး ၃၀၀၀ ကျော်ရှိပေမယ့် အဲဒီထဲက ၁၄ လုံးကသာ အခုလိုပဲ လှုပ်ရှားမှုပြင်းထန်တဲ့ မီးတောင်တွေ ဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up