၁၅ ထပ်မှ ပြုတ်ကျပေမယ့် သေကံမရောက်ခဲ့သည့် ၃ နှစ်သားကလေး

တရုတ်နိုင်ငံ၊ ကျန်းဆုခရိုင်၊ ကျန်ကျိုးမြို့မှာ ဧပြီ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ၃ နှစ်သား ကလေးငယ်တဦးဟာ ၁၅ ထပ်အမြင့် အဆောက်အအုံ အခန်းပြတင်းပေါက်မှတဆင့် ပြုတ်ကျခဲ့တယ်လို့ တရုတ်ပြည်သူ့နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။ ချီချီအမည်ရ အဲဒီကလေးငယ်ဟာ မြေပြင်ပေါ်မျက်နှာမှောက်လျက်သားကျခဲ့ပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပေမယ့် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုတွေ ခံယူပြီးတဲ့ နောက်မှာတော့ ကံကောင်းထောက်မစွာပဲ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။ ချီချီရဲ့ မိဘတွေဟာ မကြာသေးခင်ကမှ ၀ယ်ယူထားခဲ့တဲ့ သူတို့ရဲ့ တိုက်ခန်းသစ်ကို ပြုပြင်နေတာဖြစ်ပြီး ဧပြီ ၁၁ ရက်နေ့မှာတော့ အိမ်ဝရံတာမူလပြတင်းတံခါးကို အသစ်လဲလှယ်တပ်ဆင်ဖို့ ရည်ရွယ်ကာ ဖြုတ်ထားခဲ့တာလို့ ဆိုပါတယ်။ မိခင်က ချီချီကို တံခါးရဲ့အဝေးမှာနေဖို့ မှာခဲ့ပြီး မီးဖိုဆောင်ထဲမှာ နေ့လယ်စာပြင်ဆင်ဖို့ ၀င်သွားခဲ့ချိန် ချီချီက ပြတင်းတံခါးပေါက်အနီး သွားရောက်စူးစမ်းခဲ့ချိန်မှာ ပြုတ်ကျခဲ့တာပါ။ မိခင်ဟာ ကလေးပြုတ်ကျခဲ့ချိန်ကို လှမ်းမြင်ခဲ့ပေမယ့် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ သူဟာ လှေကားကတဆင့် အလျင်အမြန်ပြေးဆင်းခဲ့ချိန်မှာတော့ အနီးနားလုံခြုံရေး ၀န်ထမ်းတဦးက ကလေးငယ်ကို ခေါ်ဆောင်သွားခဲ့တဲ့အတွက် ရွှံ့မြေပြင်ပေါ်က သွေးကွက်တွေကိုသာ တွေ့ခဲ့ရတာပါ။ ကလေးငယ်ဟာ မျက်နှာနဲ့ မှောက်လျက်သားကျခဲ့ချိန်မှာ အော်ဟစ်ငိုယိုနေခဲ့တာကို လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့တာလို့ ပြောပါတယ်။ သူဟာ ကလေးငယ်ကို အနီးနားဆေးရုံတရုံဆီခေါ်သွားခဲ့ပြီး စစ်ဆေးခဲ့ချိန်မှာက လေးငယ်ရဲ့ ဦးခေါင်း၊ နံရိုးတွေနဲ့ ပေါင်တွင်းအရိုးတွေ ထိခိုက်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ ရတာပါ။ FOREIGN201604200811000519884998942မိခင်ဖြစ်သူက ကလေးငယ်ပြုတ်ကျချိန်မှာ ၇ လွှာအခန်းမှ အ၀တ်လှမ်းစင်နဲ့ ငြိမိ ခဲ့တဲ့အတွက် အကျနှေးခဲ့တာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up