Home
မြန်မာသတင်း
ဆိုင်ကယ်က မြင်လှည်းကို မျက်နှာချင်းဆိုင် ၀င်တိုက်၊ ၂ ဦး ဒဏ်ရာရ
DVB
·
April 20, 2016
မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင် ဝမ်းတွင်းမြို့ စောစန္ဒာထမင်းဆိုင်အနီးမှာ ဧပြီလ ၁၉ ရက်နေ့ မနက် ၅ နာရီ ၄၀ မိနစ်ခန့်က ဆိုင်ကယ်က မြင်းလှည်းကို ၀င်တိုက်မိတဲ့အတွက် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပွင့်ဖြူမြို့ကနေ မန္တလေးပြန်လာတဲ့ ဆိုင်ကယ်ဟာ စောစန္ဒာထမင်းဆိုင်အနီးမှာ ပွင့်ဖြူမြို့ မေခလာရပ်နေ ကိုအောင်ဆန်းဖြိုး မောင်းနှင်လာတဲ့ မြင်းလှည်းကို မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့တာပါ။ ဆိုင်ကယ်မောင်းသူ ကိုဇင်မိုးနဲ့ အနောက်မှာ ထိုင်လာတဲ့ နန်းဝင်းမိုးတို့ ရရှိ ဒဏ်ရာပြင်းထန်တဲ့အတွက် ဝမ်းတွင်းဆေးရုံကနေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ကုသမှု ခံယူနေရပါတယ်။ မြင်တွေ့လိုက်ရတဲ့ ဒေသခံတဦးက “ဆိုင်ကယ်က အရှိန်နဲ့ မြင်းလှည်းကို ဝင်တိုက်တာ၊ ခရီးပန်းလာပြီး သတိလွတ်သွားတာ ဖြစ်နိုင်တယ်။ အကွေ့ကို အရှိန်လွန်တာ” လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက အမှုကို စုံစမ်းစစ်ဆေးကာ ယာဉ်(ပ) ၁၂/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုမောင်မောင်လင်း (ရွှေမင်းသား)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024