ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်တချိုနှင့် ကျေးရွာများ သောက်သုံးရေ အခက်အခဲဖြစ်
နေဖြိုးဝင်း
·
April 20, 2016
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းက ပြည်စံအောင်ရပ်ကွက်၊ ခေတ်အေးကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ အင်ပင်ခုံ၊ စက်ကုန်း၊ ချောင်းဖျား ကျေးရွာ၊ နန်းသြကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ဒိုးပင်ခုံ၊ ဥယျာဉ်၊ နန်းသြကျေးရွာ၊ ရေဆင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေဖြစ်တဲ့ ကန်သာအေးနဲ့ ရွှေကျကျေးရွာနဲ့ နယ်မြေ ၄ သောက်သုံးရေအခက်အခဲ့ ဖြစ်နေတာဖြစ်ပါတယ်။
ဒီလိုသောက်သုံးရေအခက်အခဲဖြစ်နေတဲ့ နေရာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဇေယျာသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ပြင်ပကအလှူရှင်တွေကနေ နေ့စဉ်နီးပါး ရေလှူဒါန်းပေးတယ်လို့ သိရပါတယ်။
ဒီနေ့ ဧပြီ ၂၀ ရက်နေ့ မနက်ပိုင်းက နန်းသြကျေးရွာမှာ ကာကွယ်ရေးဦးစီးချုပ်ရုံးက ရေလာလှူခဲ့ပါတယ်။