A d v e r t i s e m e n t With Us

တက်ဆက်ပြည်နယ် ရေလွှမ်းမိုးမှု၊ အရေးပေါ်အခြေအနေ ကြေညာ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု တက်ဆက်ပြည်နယ်တ၀န်း ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က နှစ်ပေါင်းများစွာအတွင်း အကြီးအကျယ်ရေလွှမ်းမိုးနေတဲ့အတွက် တက်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဟူစတန်မြို့နဲ့ အနီးပတ်ဝန်းကျင်ကို အရေးပေါ်အခြေအနေ ကြေညာထားလိုက်ပါတယ်။ ဧပြီ ၁၈ ရက်နေ့ တရက်တည်းမှာတင် မိုးရေချိန် ၁၇ လက်မခွဲ ရွာသွန်းခဲ့တဲ့အတွက် စံချိန်တင်မိုးရေချိန်လို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။ ပြည်နယ်အတွင်း မြစ်ချောင်းတွေ ရေလျှံခဲ့ပြီး ဒေသခံ ၁၂၀၀ ကျော်ကို ကုန်တိုက်ကြီးတခုမှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့ ကယ်ဆယ်ထားရပါတယ်။ ဟူစတန်မြို့ဟာ အမေရိကန်ပြည်ထောင်စုမှာ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး မြို့ခံ ၇ သောင်းလောက် လျှပ်စစ်မီး ပြတ်နေတာပါ။ ဒလူနေအိမ်ခြေ ၁၀၀၀ ကျော် ရေနစ်နေပြီး ရေဆက်တက်နေတဲ့အတွက် နောက်ထပ် ရေနစ်မဲ့ အိမ်ခြေတွေ တိုးလာဖို့ရှိတယ်လို့လည်း ပြည်နယ်အာဏာပိုင်တွေကပြောဆိုပါတယ်။ အဆိုးဆုံးရေလွှမ်းမိုးနေတဲ့နေရာကတော့ ဟူစတန်မြို့ စပိန်စကားပြော လက်တင်အမေရိသားတွေ အများဆုံးနေထိုင်တဲ့ ဂရင်းပွိုစ်င့်(Greenspoint)မြို့နယ်ကနေ ဟူစတန်မြို့မြောက်ပိုင်းဒေသအထိဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် လက်ရှိအချိန်အထိ လူ ၅ ဦး သေဆုံးသွားပြီး ဧပြီ ၁၉ ရက်နေ့မှာတော့ မိုးစဲလာနိုင်တယ်လို့ မြို့တော်ဝန်က ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up