Home
ရုပျသံ
ကျားလှောင်အိမ်ထဲ ဦးထုပ်ဝင်ကောက်သည့် အမျိုးသမီး(ရုပ်သံ)
DVB
·
April 20, 2016
ကနေဒါနိုင်ငံ တိုရွန်တိုမြို့တိရစ္ဆာန်ဥယျာဉ်တခုမှာ အမျိုးသမီးတဦးဟာ ကျား လှောင်အိမ်ထဲကျခဲ့တဲ့ ဦးထုပ်ကို ကောက်ယူဖို့ စည်းရိုးကို ကျော်ဝင်ခဲ့တာကို ရုပ်သံကင် မရာမှတဆင့် ဖမ်းမိခဲ့ပါတယ်။ ကျားလှောင်အိမ်ဟာ ၂ ဆင့်ဖြစ်ပြီး အမျိုးသမီးကျော်ဝင်ခဲ့တဲ့ စည်းရိုးနဲ့ နောက် လှောင်အိမ်ထဲမှာ ၇ နှစ်သားအရွယ် ဆူမတ်တြားကျားတကောင်ရှိနေခဲ့တာပါ။ အဆိုပါအမျိုးသမီးဟာ ခြံစည်းရိုး ၂ ခုကြားရောက်ရှိခဲ့ပြီး ဦးထုပ်ကို ကောက်ယူခဲ့ ချိန်မှာ အနောက်ဘက်က ကျားဟာ ရှေ့ကို ဆတ်ကနဲလှမ်းတိုးခဲ့တာကို အသည်းယား ဖွယ်တွေ့ရပါတယ်။ အဲဒီအချိန်မှာ အနီးနားက လူတဦးက သူ့ကိုလှမ်းအော်ခေါ်ကာ သတိပေးခဲ့ပြီး နောက် သူဟာ အန္တရာယ်မရှိပဲ ပြန်ထွက်သွားနိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာတွေ့ရပါ တယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို မျက်မြင်တွေ့ရှိခဲ့သူ ဂျေရက်ဒ်ဆေးလ်က အော်ဟစ်သတိပေး နေတဲ့ အမျိုးသားရဲ့အော်သံကို ကြားခဲ့ချိန်မှာ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး ယူကျုဘ်အင်တာ နက်စာမျက်နှာပေါ်တင်ခဲ့ချိန်မှာ ပျံ့နှံ့သွားခဲ့တာပါ။ တိရစ္ဆာန်ရုံပြောရေးဆိုခွင့်ရသူ ဂျနီဖာထရေစီက “ကျမနားလည်ထားတာက ဒါ ဟာ ပြီးခဲ့တဲ့ စနေနေ့နေ့လည်ပိုင်းက ဖြစ်သွားခဲ့တာပါ။ ဒီထဲမှာ ၀န်ထမ်းတွေရှိတယ်။ တ ကယ်လို့များ တခုခုပျောက်ကျသွားခဲ့ရင်တောင် ဒါကိုပြန်ယူနိုင်ဖို့ သူတို့အကူအညီကို ယူသင့်တယ်ရှင့်”လို့ ပြောပါတယ်။ ခုလိုအန္တရာယ်များတဲ့ လုပ်ဆောင်မှုအတွက် ဝေဖန်မှုတွေရှိနေခဲ့တာဖြစ်ပြီး ရုပ်သံ ဗွီဒီယိုဖိုင်ကို မျှဝေခဲ့သူ ဆေးလ်ကတော့ “အဲဒီအချိန်မှာ လုံခြုံရေးအရ ဒါကို စုံစမ်းစစ် ဆေးမှုတွေလုပ်ဖို့ လာရောက်ခဲ့ကြတာကို မတွေ့ရပါဘူး။ တကယ်လို့များ ဒီရုပ်သံဗွီဒီယို ကို မတင်ခဲ့ဘူးဆိုရင် ခုလိုလှောင်အိမ်ထဲ ၀င်သွားခဲ့တဲ့ အဖြစ်အပျက်ကို သိနိုင်ပါ့မလား ဆိုတာ မသေချာဘူး”လို့ ရေးသားခဲ့တာပါ။ ရုပ်သံ - dailymail.co.uk
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024