ဂျာမနီဖလား ဗိုလ်လုပွဲ ဘိုင်ယန်တက် (ရုပ်သံဟိုက်လိုက်)
Published By
DVB | 20 April, 2016
1.3K
0
Share
0
Comment
0
Likes
ဂျာမနီဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်အသင်းဟာ ၀ါဒါဘရီမင်ကို ၂ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ဂျာမနီ ဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဘိုင်ယန်အတွက် ၂ ဂိုးလုံးကို တိုက်စစ်မှူး မူလာက သွင်းယူပါတယ်။ ပထမပိုင်း ၃၁ မိနစ်မှာ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူသလို ဒုတိယပိုင်း ၇၁ မိနစ်မှာ ပင်နယ်တီကနေ တဆင့် သွင်းယူ သွားတာ ဖြစ်ပါတယ်။
ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့် အသာစီးရယူ ကစားသွားပါတယ်။
မေ ၂၁ ရက်မှာတော့ ဘာလင် အိုလံပစ် ကွင်းမှာ ဟာသာဘာလင် ဒါမှမဟုတ် ဒေါ့မွန် အသင်းက အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။
ဘိုင်ယန်က ဘွန်ဒစ်လီဂါမှာ ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း အက်သလက်တီကို မက်ဒရစ်နဲ့ ဆီးမီးဖိုင်နယ်မှာ ကစားရမှာ ဖြစ်တဲ့ အတွက် ဖလား ၃ လုံး ရရှိမယ့် လမ်းကြောင်း ပေါ်မှာ ရှိနေပါတယ်။