A d v e r t i s e m e n t With Us

၂၀၁၈ ကမ္ဘာဖလားပွဲတွင် ဗွီဒီယိုဒိုင်လူကြီးသုံးရန် ဖီဖာဥက္ကဋ္ဌ မျှော်လင့်

၂၀၁၈ ရုရှားမှာ ကျင်းပမယ့် ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာ ဘောလုံးပွဲနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ရာမှာ ဒိုင်တွေကို အကူအညီပေးဖို့ ဗွီဒီယို ဒိုင်လူကြီးတွေကို ပထမဆုံး အသုံးပြုနိုင်ဖို့ ကမ္ဘာဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက မျှော်လင့်နေပါတယ်။ ဂိုးတွေ၊ အနီကတ်တွေ၊ မှားယွင်းတဲ့ ပင်နယ်တီနဲ့ အပြစ်ပေးမှုတွေကို အကူအညီပေးဖို့ ဒီနည်း ပညာကို ၂ နှစ်ကြာ စမ်းသပ်နေတယ်လို့ နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့က မတ်လမှာ ပြောဆို ခဲ့ပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီထက်နောက်မကျဘဲ နည်းပညာကို စတင် အသုံးပြုနိုင်မယ်လို့ ပြောဆို ထားပေမယ့် အင်ဖန်တီနိုကတော့ အခုကနေစတင် စမ်းသပ်ပြီး ၂ နှစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၁၈ မတ်လမှာ ဒီနည်းပညာဟာ အလုပ်ဖြစ်လားမဖြစ်လာ မြင်ရမှာ ဖြစ်သလို ၂၀၁၈ ရုရှား ကမ္ဘာဖလားဟာ ပွဲကို ကြီးကြပ်ရာမှာ ပိုမိုကောင်းမွန်ဖို့ ဗွီဒီယို ဒိုင်တွေကို စတင်အသုံးပြုတဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာမှာပါလို့ သူက ပြောပါတယ်။ စမ်းသပ်မှုတွေအရ အကူ ဗွီဒီယိုဒိုင်က ကစားပွဲမှာ ကစားသမားတွေရဲ့ အပြုအမှုကို ပြန်လည် ကြည့်ခွင့်ရမှာ ဖြစ်ပြီး ဖြစ်ရပ်ကို ပြန်လည်သုံးသပ်ရာမှာ ကွင်းလယ်ဒိုင်ကို ဆက်သွယ် ကူညီနိုင်မှာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up