မုံရွာမြို့ ကိုးတောင်ပြည့်ဘုရားအနီး မီးလောင်
DVB
·
April 20, 2016
မုံရွာမြို့ သလ္လာရပ်ကွက် သာစည်လမ်း ကိုးတောင်ပြည့်ဘုရားအနီး ဒီနေ့ မနက် ၅ နာရီကျော် လောက်က စတင်ပြီး ၆ ခန်းတွဲတိုက်ခန်း မီးလောင်ကျွမ်းမှု ဖြစ်ပွားပါတယ်။ မီးသတ်ကား ၁၀ စီးလောက် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရပါတယ်။
မနက် ၆ နာရီကျော်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲလို့ မုံရွာမီးသတ်ဌာနက ပြောပါတယ်။
(သတင်းဓာတ်ပုံ - အောင်ကိုလတ်)