စစ်တွေတွင် စက်လှေတစီးနစ်မြုပ်မှုကြောင့် သေဆုံးသူ ၁၈ ဦး ရှိပြီ

ဒဏ်ရာရ လူနားများကို ဆေးရုံ ခေါ်ဆောင်လာစဉ်
1K
ဒီနေ့မနက် ၉း၃၀ လောက်က စစ်တွေမြို့အ၀င် ဆင်နမော်နားမှာ ခရီးသည် ၄၉ ဦး သယ်ဆောင်လာတဲ့ စက်လှေတစီးနစ်မြုပ်လို့ အခုအချိန်အထိအလောင်း ၁၈ အလောင်းရရှိထားတယ်လို့ စစ်တွေ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။
’’လောလောဆယ်တော့ ဘင်္ဂါလီအလောင်း ၁၈ လောင်းပဲ ရရှိထားပါသေးတယ်။ ကျနော်တို့ စုံစမ်းရသလောက် တော့ဘုတ်ပေါ်မှာ ဘင်္ဂါလီ ၄၉ ယောက်လောက်ပါတယ်ပေါ့လေ။ သူတို့က ပေါက်တောမြို့ ဆင်တက်မော်ကပါ။ မင်္ဂလာဆောင်ပွဲသို့ လိုက်လာတဲ့သူတချို့လည်း ပါတယ်။ နောက်ပြီး ဈေးဝယ်ဖို့လာတဲ့ သူတချို့ပါတယ်လို့ သိရပါတယ်။ စစ်တွေမြို့ အ၀င်မှာ မှောက်တာပါ။ စစ်တွေမြို့နဲ့ ၁ မိုင်ခန့်ဝေးတယ်ပေါ့လေ။ လှိုင်းကြီးပြီးတော့ နစ်မြုစ်သွားတာပါ” လို့ စစ်တွေရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိအချိန်အထိ သေဆုံးသူ ၁၈ ဦးရဲ့ အလောင်းတွေကို ရရှိထားပြီး အခြားအသက်ရှင် ရရှိထားသူ ၉ ဦးကို စစ်တွေ ဆေးရုံနဲ့ သက်ကယ်ပြင်ကို ပို့ဆောင်ထားပြီး ဆေးကုသမှုပြုလုပ်နေ တယ်လို့ ရဲမှူးကပြောပါတယ်။
[caption id="attachment_145807" align="alignleft" width="552"]
ဒဏ်ရာရ လူနားများကို ဆေးရုံ ခေါ်ဆောင်လာစဉ်[/caption]
အခုစက်လှေပေါ်မှာ လိုက်ပါလာသူတွေဟာ ပေါက်တော်မြို့နယ် ဆင်တက်မော်ကျေးရွာကသူတွေဖြစ်ပြီး စစ်တွေမြို့အ၀င် မော်ကျွန်း(ဗေဒါကျွန်း) ကမ်းနဲ့ ၁ မိုင်အကွာလောက် သဲချောင်းရွာဘက်အကွေ့မှာ လှိုင်းကြီးပြီး စက်လှေတိမ်းမှောက်သွားတာလို့ သူကဆက်လက်ပြောပါတယ်။
သတင်း (ဇော်ခ)၊ ဓာတ်ပုံ (ကိုနိုင်)