Home
မြန်မာသတင်း
လေပြင်းတိုက်ခိုက်မှုကြောင့် ကချင်ဒုက္ခသည်စခန်းများ အိမ်ခြေရာချီ ပျက်စီး
နော်နိုရင်း
·
April 19, 2016
13015271_559539584227262_6075848990282343721_n
12998643_559539597560594_2599712620007216309_n
12963448_559539624227258_7500128635779775396_n
ကချင်ပြည်နယ် ချီဖွေမြို့နယ်နဲ့ ဆဒုံးမြို့နယ်အတွင်းက စစ်ဘေးရှောင် အိုင်ဒီပီဒုက္ခသည်စခန်း ၃ ခုမှာ ဒီကနေ့ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တဲ ၅၀၀ ထက်မနည်း ပျက်စီးသွားပါတယ်။ ချီဖွေမြို့နယ်  ဖရဲခက် (Hpare Hkyet) အိုင်ဒီပီ ဒုက္ခသည်စခန်းမှာ ဒီကနေ့ မနက် ၂ နာရီကနေ ၅ နာရီအထိ လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက် အိမ်ခြေ ၃၀ လောက် လုံးဝပျက်စီးခဲ့ပြီး ကျန်အဆောက်အဦတွေ အမိုး အကာတွေ ပျက်စီးကုန်တယ်လို့ ကချင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ရော်က ပြောပါတယ်။ အလားတူ ဆဒုံးမြို့နယ်က မဂါးယန်နဲ့ ဆိုင်းအောင် ဒုက္ခသည်စခန်း ၂ ခုမှာလည်း ဒီနေ့ မွန်းလွဲပိုင်းကပဲ လေပြင်းတိုက်ခိုက်ခဲ့တဲ့အတွက်လည်း မဂါးယန် စခန်းမှာ ဒုက္ခသည် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားသလို ဆိုင်းအောင် စခန်းမှာလည်း အိမ်ခြေ အများအပြား ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။ “ဖရဲခက်မှာဖြစ်တာက မနက်အစောပိုင်းကဖြစ်တာ။ ဒါပေမယ့် ဒီမဂါးယန်နဲ့ ဆိုင်းအောင်စခန်းက  ဒီနေ့လယ်ပိုင်း မွန်းလွဲ ၁ နာရီ ၂ နာရီအတောအတွင်းမှာဖြစ်တယ်။ ဆိုတော့ မဂါးယန်မှာ တဲက ၃၀၀ ကျော်ပျက်သွားတယ်။ ဆိုင်းအောင်မှာလည်း ပျက်တယ်။ ဒါပေမယ့် ဘယ်လောက်ပျက်တယ်ဆိုတာ အခုစာရင်းကောက်နေတုန်းပဲ။  ” စခန်းတခုမှာ အိမ်ခြေ ၅၀၀ကနေ ၆၀၀ လာက်ရှိကြပြီး ထိခိုက်သေဆုံးတာတော့ မရှိပေမယ့် လတ်တလောမှာ  မိုးလည်းရွာနေလို့  အမိုးအကာတွေ ပြန်လည်ပြုပြင်ဖို့ အရေးတကြီး အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကချင်ဒုက္ခသည်ကော်မီတီ အကြီးအကဲက ပြောပါတယ်။ ဓာတ်ပုံ - Dabang Ji Bu  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024