အာဖဂန်မြို့လယ် အသေခံဗုံးခွဲ၊ လူ ၂၀၀ ဒဏ်ရာရပြီး ၂၀ ကျော်သေ

652
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးမှာ အသေခံဗုံးခွဲတဲ့အတွက် လူ ၂၀၀ ကျော် ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ ၂၀ကျော် သေဆုံးသွားပါတယ်။
ပြည်ထဲရေးဝန်ကြီး ပြောခွင့်ရက ကားပေါ်ကနေ အသေခံဗုံးခွဲတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက်ပိုင်း ရုံးတက်ချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်တပ်ဝင်းအနီးက လူနေအိမ်ရာထဲမှာ ဖြစ်ပွားခဲ့ပါတယ်။
တာလီဘန်တွေကတော့ ဒါဟာ သူတို့ လက်ချက် ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒါ့အပြင် နောက်ထပ် ဒီထက်ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေလာဦးမယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကိုတော့ လုံခြုံရေး တပ်ဖွဲ့တွေက ပိတ်ဆို့ ၀န်းရံထားပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကိုတော့ လုံခြုံရေး တပ်ဖွဲ့တွေက ပိတ်ဆို့ ၀န်းရံထားပါတယ်။