A d v e r t i s e m e n t With Us

ရွှေတောင်ကုန်းဆရာတော် ရုပ်ကလာပ်တော်ကို အန်အယ်လ်ဒီနာယက သွားရောက်ဖူးမြော်

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာမှာ ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပဏ္ဍိတာဘံဝံသရဲ့ ရုပ်ကလာပ်တော်ကို ဧပြီ ၁၉ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဒါယကာ၊ ဒါယိကာမတို့ လာရောက်ဖူးမြော်ခဲ့ကြပါတယ်။ ဆရာတော်ဘုရားကြီးကို ရည်စူးကုသိုလ်ပြုပွဲနဲ့ စံကျောင်းဆင်းပွဲကို ဧပြီ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ပြုလုပ်မှာ ဖြစ်ပြီး  နေ့လယ် ၁ နာရီမှာ ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကို ရန်ကုန် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှ ပဲခူးဆယ်မိုင်ကုန်း တောစခန်းရိပ်သာကို ပင့်ဆောင်ပူဇော် သွားမယ်လို့ ဝန်ဆောင်ဆရာတော် ဦးတာရကရာဇာက မိန့်ကြားပါတယ်။  

A d v e r t i s e m e n t With Us

More News
Up