ဖူးခက်ကမ်းခြေတွင် စပိဘုတ် ၆ စီး မီးလောင်

ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေ၊ ချာလောင်ပင်လယ်အော်မှာ ဒီကနေ့မနက် အစောပိုင်းက ခရီးသွားလုပ်ငန်းကုမ္ပဏီတခုပိုင် စပိဘုတ် ၆ စီးမီးလောင်ပြီး အစောင့်ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ချာလောင်ခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးအရာရှိ ၀ပ်သီဝပ်လန်ဘွန်ညာချင်ဒါက ဒီမီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နိုင်ဖို့ ချာလောင်ဒေသနဲ့ ၀ီချစ်ဒေသမှ မီးသတ်ကား ၁၀ စီးလောက်နဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ ပြောပါတယ်။ နစ်ခွန်မရိမ်းကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဒီစပိဘုတ်တွေဟာ ချာလောင်ပင်လယ်အော် တလျှောက်ကျွန်းတွေဆီ ကမ္ဘာလှည့်ခရီးသည်တွေကို ပို့ဆောင်ပြီး ၀န်ဆောင်မှုပေးနေ တာဖြစ်ပါတယ်။ မျက်မြင်သက်သေတွေက သူတို့ဟာ စပိဘုတ်တစင်းဆီက မီးခိုးလုံးတွေ စတင် မြင်ရပြီးနောက်မှာ မီးတောက်မီးလျှံတွေကိုမြင်ခဲ့ရပြီး ကျန်တဲ့လှေတွေဆီမီးကူးလောင် ကျွမ်းခဲ့တာလို့ ရဲတွေကို ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် အစောင့်ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ ဘတ်သန်း ၂၀ ရှိလိမ့်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မီးကို အချိန် ၃ နာရီလောက်ငြိမ်းသတ်ခဲ့ရပြီး လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရ တယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေဆဲဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up