တရုတ်နိုင်ငံ လမ်းမပေါ်က ဘူဒိုဇာတိုက်ပွဲ (ရုပ်သံ)
Published By
DVB | 19 April, 2016
2K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံ၊ ဟဘေးခရိုင်၊ ရှန်တန်ဒေသမှာ ဧပြီလ ၁၇ ရက်နေ့က ဘူဒိုဇာယာဉ် မောင်းတွေဟာ ယာဉ်တွေကို အသုံးပြုပြီး လမ်းမပေါ်တိုက်ခိုက်မှုတခုဖြစ်ခဲ့တယ်လို့ စီစီ တီဗွီသတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ယာဉ်မောင်းတွေဟာ လမ်းမပေါ်မှာ တစီးနဲ့တစီး ယာဉ်အရှေ့ဘက် ဂေါ်ပြားတွေကို အသုံးပြုတိုက်ခိုက်ခဲ့ကြကာ ယာဉ်တွေမြေပေါ်ပြိုလဲခဲ့တာကို တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး အနီးနားက ကုန် တင်ထရပ်ကားတစီးကို တိုက်မိချိန်မှာ ရန်ပွဲရပ်တန့်သွားခဲ့ပြီး ကုန်တင်ထရပ်ကားဟာ ထိခိုက်ပျက်စီးခဲ့တာပါ။
နီးစပ်တဲ့ရင်းမြစ်တွေရဲ့အဆိုအရ ဒေသတွင်းအုပ်စု ၂ စုဟာ ၀ယ်သူတဦးကြောင့် ပြဿနာစဖြစ်ခဲ့တာလို့ ပြောပါတယ်။
ဒေသတွင်းရဲတွေကတော့ လက်ရှိမှာ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။