Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တိုက်ပွဲ၌ တပ်မတော်ယာယီတပ်ရင်းမှူး ၁ ဦးကျဆုံး
DVB
·
April 19, 2016
ရက္ခိုင့်တပ်မတော် အေအေတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်လို့ တပ်မတော် ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်အချို့ကျဆုံးဒဏ်ရာရသွားတယ်လို့ စစ်တပ်ပိုင် မြ၀တီ သတင်းဌာနက အတည်ပြု ထုတ်ပြန်ပါတယ်။ အေအေတပ်ဖွဲ့ဝင် အင်အား ၁၀၀လောက်ဟာ ဧပြီလပထမပတ်အတွင်း သင်္ကြန်ကာလ လုံခြုံရေး အားနည်းလေ့ရှိတဲ့အပေါ်အခွင့်ကောင်းယူပြီး ကျောက်တော်မြို့နယ်၊ လောရမတောင်နယ်မြေ တ၀ိုက်ကို စိမ့်ဝင်လှုပ်ရှားနေတယ်လို့ သတင်းရလို့ နယ်မြေရှင်းလင်းရာမှာ ဧပြီ ၁၆ ရက်က အေအေတပ်ဖွဲ့ ၂ ဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ အေအပ်တပ်ဖွဲ့ထံက လူနေတဲတွေ၊ ဒေသန္တရလက်လုပ်မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ တခြားအသုံးအဆောင်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ယာယီတပ်ရင်းမှူး ၁ ဦး အပါအဝင် အရာရှိ၊ စစ်သည်တချို့ သေဆုံးထိခိုက် ဒဏ်ရာရသွားတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။ ရက္ခိုင့်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဧပြီ ၁၆ ရက်က လောရမတောင်တန်း နားရှိ အေအေတပ်ဖွဲ့အခြေပြုထားတဲ့နေရာကို မြန်မာအစိုးရတပ်တွေ ၀င်လာလို့ တိုက်ပွဲဖြစ်ပွား ခဲ့ရာမှာ မြန်မာ့တပ်မတော်ဘက်က စစ်တွေအခြေစိုက် ဒကစ လက်အောက်ခံ ခလရ ၂၃၂ က စစ်ကြောင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းအပါအ၀င် အရာရှိတွေနဲ့ တပ်ဖွဲ့ဝင် ၂၀ ၀န်းကျင်လောက် ကျသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီတိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်ဘက်ကတော့ ထိခိုက်ကျဆုံးမရှိဘူးလို့ လည်းပြောပါတယ်။ မြန်မာတပ်မတော်နဲ့ အေအေတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ ၂၀၁၅ မတ်လနဲ့ ဒီဇင်ဘာလတွေမှာ လည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးပြီး ခုဒီတကြိမ် တိုက်ပွဲကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပြီးနောက် ရခိုင်ပြည်နယ်ထဲမှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024