သမ္မတဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ နှစ်ဦးစတုဒိသာအလှူ ကျင်းပ
နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ရဲ့ နှစ်ဦးဒါန စတုဒိသာ အလှူကို ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းက သမ္မတဦးထင်ကျော်နဲ့ဇနီး သုံးခွမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်စုစုလွင်တို့ရဲ့ စတုဒီသာအလှူပွဲကို သုံးခွမြို့မ ရေလည်ကျောင်းတိုက်မှာ ပြုလုပ်ခဲ့တာပါ။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် ဇာတိဖြစ်တဲ့ သုံးခွမြို့မှာ ပြုလုပ်တဲ့ နှစ်ဦး စတုဒိသာအလှူကို သမ္မတလာရောက်မယ်လို့ ဒေသခံတွေနဲ့ စီစဉ်သူတချို့က ပြောဆိုနေကြ ပါတယ်။