လိုက်ထရတ်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်
DVB
·
April 18, 2016
ရခိုင်ပြည်နယ် သံတွဲ- တောင်ကုတ်လမ်း မိုင်တိုင်အမှတ် ၃၈. ၇ အနီးမှာ တောင်ကုတ်ကနေ သံတွဲဘက် မောင်းလာတဲ့ လိုက်ထရတ်ကားတစီးဟာ ဧပြီ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီကားဟာ သံတွဲမြို့ကို စီပီကြက်တင်ဖို့လာတဲ့ ကားတစီးဖြစ်ပြီး ကားပေါ်မှာ လူ ၃ ဦး ပါလာပေမယ့် ထိခိုက်ဒဏ်ရာရသူတဦးမှ မရှိခဲ့ပေမယ့် ကားကတော့ အတော်ပျက်စီး သွားတယ်လို့ သံတွဲရဲစခန်းက ပြောပါတယ်။
(သတင်း - ဇော်ခ၊ ဓာတ်ပုံ - နေဇော်)