ရုရှားထုတ် လေကြောင်းရန်ကာကွယ်ရေး ဒုံးလက်နက်များ အီရန်ပြသ (ရုပ်သံ)
ဧပြီ ၁၇ ရက်နေ့က ကျရောက်ခဲ့တဲ့ အီရန်တပ်မတော်နေ့မှာ အီရန်နိုင်ငံက ရုရှားနိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေးလက်နက် အစိတ်အပိုင်းတချို့ ထုတ်ဖော်ပြသခဲ့ပါတယ်။
အီရန်အစိုးရနောက်ခံ သတင်းအေဂျင်စီတခုက အီရန်စစ်တပ် တီဟီရန်မြို့တော်တောင်ပိုင်း စစ်ရေးပြအခမ်းအနားမှာ ရုရှားနိုင်ငံထုတ် S-300 ဒုံးကျည်ပြောင်းတွေနဲ့ ရေဒါစနစ်တွေကို ပြသခဲ့တာပါ။
အီရန်နိုင်ငံကတော့ နိုင်ငံကာကွယ်ရေးအတွက် ဒီဒုံးကျည်တွေ လိုအပ်တယ်လို့ ပြောဆိုပေမယ့် အမေရိကန်နဲ့ အစ္စရေးနိုင်ငံကတော့ ဒီဒုံးကျည်အရောင်းအ၀ယ်ကို ပြစ်တင်ဝေဖန်ကြပါတယ်။
ဒီလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ ရေဒါစနစ်အရောင်းအ၀ယ်ဟာ ပြီးခဲ့တဲ့နှစ် အီရန်နျူကလီးယား သဘောတူညီမှုအပြီးမှ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အီရန်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီက မွတ်စလင်နိုင်ငံတွေကို အကြမ်းဖက်ရန်နဲ့ အစ္စရေးရန်ကနေ ကာကွယ်ပေးဖို့ ကတိပြုတယ်။ ဒါအတွက် အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စိုးရိမ်ပူပန်စရာမလိုဘူးလို့ စစ်ရေးပြမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။