ဗီယက်နမ်တွင် နှစ်ပေါင်း ၉၀ အတွင်း မိုးခေါင်ရေရှားမှု ရင်ဆိုင်နေရ

အခုနှစ် ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်း ၉၀ အတွင်း မိုးခေါင်ရေရှားပြဿသာနာနဲ့ ရင်ဆိုင်နေရပြီး မဲခေါင်မြစ်ဝကျွန်းပေါ်မှာ ပင်လယ်ရေပြန်ပြီး စီးဝင်နေတဲ့အတွက် ကမ္ဘာ့စားသုံးကုန်အတင်ပို့ဆုံးနိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ၀င်ငွေကို ထိခိုက်နေပါတယ်။ အခုနှစ် မိုးခေါင်ရေရှားမှုဟာ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်လည်းဖြစ်သလို မဲခေါင်မြစ်ရေ မစီးဆင်းတာကြောင့်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံအပါအ၀င် မဲခေါင်အထက်နိုင်ငံတွေမှာ ရေအားလျှပ်စစ်ထုတ်လုပ်နေတဲ့ ဆည်အနည်းဆုံး ၃၉ ရှိပါတယ်။ တရုတ်နိုင်ငံက မဲခေါင်မြစ်ရေကို အပေါ်ကနေ ဖွင့်ပေးနေပေမယ့် မဲခေါင်မြစ်ရေဟာ နည်းပါးတဲ့အတွက် ကြံစိုက်ပျိုးရေးအလုပ်ကို စွန့်လွှတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ပြောင်းလုပ်နေရတယ်လို့ ကြံစိုက်ပျိုးသူတဦးကပြောဆိုပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဆန်စပါး တ၀က်ထွက်ရှိပြီး ငါးပုစွန်လုပ်ငန်းအားလုံးရဲ့ ၆၀  ရာခိုင်နှုန်း ရှိတဲ့ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာ မဲခေါင်မြစ်ရေစီးဆင်းမှု နည်းပါးတဲ့အတွက် ပင်လယ် ဆားငန်ရေ ၀င်ရောက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ထိခိုက်နေရပါတယ်။ ဗီယက်နမ်အစိုးရက တရုတ်နိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို ရေပိုမို လွှတ်ပေးဖို့ တောင်းဆိုခဲ့လို့ ရေတိုးမြှင့် လွှတ်ပေးပေမယ့်လည်း ထိရောက်မှု မရှိဘူးလို့ ကန်တိုတက္ကသိုလ် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်သုတေသနအရာရှိတဦးကပြောဆိုပါတယ်။ ဆန်၊ ကော်ဖီ၊ ငရုပ်ကောင်းနဲ့ ငါးပုစွန်အတင်ပို့ဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာ အခုနှစ် ဧပြီလထုတ် အစိုးရကိန်းဂဏန်းတွေအရ စားသုံးကုန် ထုတ်လုပ်တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၃၁ သန်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up