မေလအစောပိုင်းကာလထိ အပူချိန်လွန်ကဲနိုင်ဟု ထိုင်း မိုး/ဇလသတိပေး

A thermometer shows hight temperature during a heatwave on the beach.
1.3K
လာမယ့်မေလအစောပိုင်းကာလထိ ထိုင်းနိုင်ငံမှာ အပူချိန်လွန်ကဲနိုင်တယ်လို့ မိုး လေ၀သနဲ့ ဇလဗေဒဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၀မ်ချိုင် ဆာကူဒွန်ချိုင်က သတိ ပေးလိုက်ပါတယ်။
လက်ရှိမှာတော့ အပူချိန်လွန်ကဲမှုရဲ့ အကျိုးဆက်အဖြစ် ထိုင်းနိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ အပူချိန်လွန်ကဲပြီး မိုးခေါင်ရေရှားမှုတွေဖြစ်ပေါ်နေတာပါ။
ထိုင်းနိုင်ငံရဲ့ အထက်ပိုင်းဒေသတွေဟာ အပူပိုင်းဒေသတွေဖြစ်ပြီး အပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ်ကနေ ၄၃ ဒီဂရီစင်တီဂရိတ်ကြားရှိနေတာပါ။
နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာတော့ ပင်လယ်လေနဲ့ စွတ်စိုထိုင်းမှိုင်းမှုကြောင့် အမြင့်ဆုံးအပူချိန်ဟာ ၃၉ ဒီဂရီစင်တီဂရိတ်နဲ့ ၄၀ ဒီဂရီစင်တီဂရိတ်ကြားသာရှိနေတာ ဖြစ်တယ်လို့ ထိုင်းဗီဇာသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ မေလလယ်မှာမှ မုတ်သုံရာသီဥတုဝင်ရောက်မှာဖြစ်လို့ အဲဒီအချိန်မှာတော့ အပူချိန်ကို လျှော့ချနိုင်မှာဖြစ်ကာ မိုးခေါင်မှုဒဏ်ကနေ သက်သာစေမယ်လို့ သတင်းက ဆိုပါတယ်။