ယူနတီသတင်းသမားများ၏ ထောင်ကြွေးကျန်ခံဝန်လက်မှတ် မီးရှို့ဖျက်ဆီး
DVB
·
April 18, 2016
ပခုက္ကူထောင်က လွတ်မြောက်လာတဲ့ ယူနတီ သတင်းသမား ၅ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ အရလွှတ်ကြောင်း လက်မှတ်ထိုးခဲ့တဲ့စာရွက်တွေကို ပယ်ဖျက်တဲ့ အနေနဲ့ သတင်းသမား ၅ ဦးရှေ့မှာပဲ မီးရှို့ဖျက်ဆီးလိုက်ခဲ့တယ်လို့ ကာယကံရှင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိ ဦးတင်ဆန်းအပါအဝင် သတင်းသမား ၅ ဦး လက်မှတ်ထိုးခဲ့ရတဲ့ ပုဒ်မ ၄၀၁ အရ လွတ်မြောက်တယ်ဆိုတဲ့ ခံဝန်ဟာ ထောင်ကြွေးကျန် သဘောမျိုးသက်ရောက်မှုရှိတဲ့ ခံဝန်ဖြစ်ပါတယ်။
အဆိုပါ ခံဝန်ချက်မှာ မလိုအပ်တော့တဲ့အတွက် ပခုက္ကူအကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတွေက အိမ်တိုင်ရာရောက်လိုက်လံ အသိပေးခဲ့ပြီး ခံဝန်လက်မှတ်တွေကို ကာယကံရှင်တွေရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
(သတင်းဓာတ်ပုံ - ကိုမြင့်နိုင်)