ပြင်သစ်တွင် ရွှေ့ပြောင်းနေထိုင်သူများ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုရုပ်သံ ထွက်ပေါ်

ပြင်သစ်မြို့တော် ပါရီရဲ့ မြောက်ပိုင်းက စတာလင်ဂရဒ် ဘူတာနားမှာ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုတွေ အချင်းချင်းကြား ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က အကြမ်းဖက် ရုန့်ရင်းဆန်ခတ် ဖြစ်ခဲ့တာကို ပြထားတဲ့ ရုပ်သံတခု ထွက်ပေါ် လာပါတယ်။
သစ်သားတုတ်တွေ၊ သံချောင်းတွေ ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အုပ်စု ချင်း ပဋိပက္ခ ဖြစ်ခဲ့ကြတာပါ။
ဒီရုပ်သံကို ဒေသခံတဦးက သူတိုက်ခန်းကနေ ရိုက်ကူးခဲ့တာပါ။ ပထမတိုက်ပွဲဟာ မြေအောက်ရထား ဘူတာရုံနားမှာနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ အုပ်စုတွေကြား ည ၉ နာရီ လောက်က စတင်တယ်လို့ ရုပ်သံရိုက်ကူးသူက ပြောပါတယ်။
ရဲတွေက အမြန်ရပ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ နာရီကြာအပြီးနောက်မှာ ရုန်းရင်းဆန်ခတ် ပြန်ဖြစ်လာပြီး ပထမအကြိမ်ကထက် ပိုအကြမ်းဖက်ခဲ့ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူချင်း ရိုက်နှက်ကြ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြပြီး မိနစ်၂၀ လောက်အတွင်း လူအတော်များများ ဆေးရုံတင်ရတယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။
ရန်ဖြစ်တဲ့ အုပ်စုတွေထဲမှာ အာဖရိကန်တွေနဲ့ ကာဒစ်ရှ် ရွှေ့ပြောင်းနေထိုင်သူတွေ ပါတယ်လို့ ရုပ်သံ ရိုက်ကူးသူက ပြောပါတယ်။
ဒါဟာ လူအယောက် ၃၀၀ လောက်နေတဲ့ ရွက်ဖျင်တဲစခန်းအတွင်း ပထမဆုံးအကြိမ် ပဋိပက္ခ ဖြစ်တာလို့ ဒေသခံက ပြောပါတယ်။
ရဲတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ် ရပ်တန့်ခဲ့ ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ စခန်းကို ဧပြီ ၁၅ ရက်နေ့မှာ ပြန်လာခဲ့အပြီး ၁၇ ရက်နေ့မှာ စခန်းဟာ လူတွေ ပိုကျပ်ညပ်လာခဲ့တာပါ။ အုပ်စုတွေကြား တင်းမာမှုတွေ မြင့်မားနေဆဲပါ။