သင်္ကြန်ကာလ လူ ၃၅ ဦး သေဆုံး၊ ၃၁၆ ဦး ဒဏ်ရာရ
DVB
·
April 18, 2016
သင်္ကြန် ၄ ရက်အတွင်း မြန်မာတနိုင်ငံလုံးမှာ အမှုပေါင်း ၂၄၁ မှု ဖြစ်ပွားပြီး လူ ၃၅ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၃၁၆ ဦးရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ခါးပိုက်နှိုက်မှုနဲ့ ခိုးမှု မသင်္ကာမှုတွေက ၆၄ မှုနဲ့  အများဆုံးဖြစ်ပါတယ်။ လူသတ်မှုက ၃ မှုဖြစ်ပွားခဲ့ပြီး နာကျင်စေမှုက ၅၄ မှုရှိပြီး ဒုတိယအများဆုံးဖြစ်ပါတယ်။
ယဉ်တိုက်မှုက တတိယ အများဆုံးဖြစ်ကာ စုစုပေါင်း ၄၆ မှုရှိခဲ့ပြီး ၁၄ ဦး သေဆုံး၊ ၂၃၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးထိခိုက်မှုမှာကတော့ ယဉ်တိုက်မှုကြောင့်ဖြစ်တာ အများဆုံးဖြစ်ပါတယ်။ မုဒိန်းမှုတခုလည်း သင်္ကြန်အကြတ်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။