ပရီးမီးယားလိဂ် လက်စတာ ၂ – ၂ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)
Published By
DVB | 18 April, 2016
846
0
Share
0
Comment
0
Likes
ဧပြီ ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဇယားထိပ်ဆုံးက လက်စတာအသင်းက တယောက်အထုတ်ခံရပေမယ့် ၀က်စ်ဟမ်းအသင်းကို ၂-၂ နဲ့ သရေကစားနိုင်ခဲ့ပါတယ်။
လက်စတာအသင်းအတွက် ဂိုးတွေကိုတော့ ခြေစွမ်းပြဂိုးတွေ သွင်းယူနေတဲ့ ဂျိမ်း ဘာဒီက ၁၈ မိနစ်နဲ့ ပွဲချိန် မိနစ် ၉၀ မှာ အူရိုလာက ပင်နယ်တီကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘာဒီဟာ ပထမပိုင်း ၂၈ မိနစ်နဲ့ ဒုတိယပိုင်း ၅၆ မိနစ်တွေမှာ အ၀ါကတ် နှစ်ခါအပြခံရပြီး အထုတ်ခဲ့ရပါတယ်။
ဒုတိယပိုင်းမှာ ဘာဒီအထုတ်ခံရပြီးနောက် ၀က်စ်ဟမ်းအသင်းက ပြန်လည်ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာ ကာရိုးက ပင်နယ်တီကနေ ၁ ဂိုးနဲ့ ၈၆ မိနစ်မှာ အာရွန် ခရက်စ၀ဲက ၁ ဂိုးသွင်းယူခဲ့လို့ သရေကျသွားပါတယ်။
လက်စတာအသင်းဟာ ဒီပွဲသရေကျခဲ့ပေမယ့် ၃၃ ပွဲကစား ရမှတ် ၇၃ မှတ်နဲ့ ဒုတိယနေရာက စပါးအသင်းကို ၈ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။
ဝက်စ်ဟမ်းအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၅၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေပါတယ်။