ပရီးမီးယားလိဂ် ဘုန်းမောက် ၁ – ၂ လီဗာပူး (ရုပ်သံဟိုက်လိုက်)
ဧပြီ ၁၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးအသင်းက ဘုန်းမောက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့သလို ဘုန်းမောက်အသင်းကလည်း တန်ပြန်တိုက်စစ်တွေကနေ ပြန်လည်ထိုးဖောက်ကစားခဲ့ပါတယ်။
လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ၄၁ နဲ့ ၄၆ မိနစ်တွေမှာ ဖာမီနိုနဲ့ စတာရစ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဘုန်းမောက်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန်ပြီးဆုံးခါနီး မိနစ် ၉၀ မှာမှ ဂျိုးစ်ဟွာ ကင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၂ ပွဲကစား ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ဘုန်းမောက်အသင်းကတော့ ၃၄ ပွဲကစား ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။