A d v e r t i s e m e n t With Us

ဖီဖာဥက္ကဋ္ဌဟောင်း ဆွစ်ဇာလန်တက္ကသိုလ် မိန့်ခွန်းပြောစဉ် ဆန္ဒပြကန့်ကွက်ခံရ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလပ်တာဟာ  ဆွစ်ဇာလန်နိုင်ငံ ဘက်ဆဲလ်မြို့  တက္ကသိုလ်မှာ မိန့်ခွန်းပြောစဉ် ဆန္ဒပြသမားတွေနဲ့ ကြုံရပါတယ်။ လူ ၄၀၀ လောက် တက်တဲ့ အစည်းအဝေးမှာ ဘလပ်တာက မိန့်ခွန်းပြောစဉ် ကန့်ကွက်မှုနဲ့ ကြုံရတာလို့ ဧပြီ ၁၆ ရက်နေ့ ရိုက်တာသတင်းမှာ ဖြော်ပပါတယ်။ ဘလပ်တာနဲ့ အတူ အရင် နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး ရှေ့နေ လူးဝစ် မိုရန်နို အိုကမ်ပိုကလည်း အစည်းအဝေးမှာ ရောက်နေပါတယ်။ အိုင်စီစီ ရှေ့နေဟောင်းက ဘလပ်တာဟာ လာဘ်ပေးလာဘ်ယူမှုတွေကို မျက်နှာလွှဲခဲ့တယ်ဆိုပြီး စွပ်စွဲနေတဲ့သူပါ။ အစည်းအဝေးက ၂ နာရီကြာမြင့်ပြီး ဆန္ဒပြသူတွေက ဖီဖာ အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံတွေ အော်သလို၊ ၂၀၂၂ ကာတာ ကမ္ဘာဖလားအတွက် ဘောလုံးကွင်း ဆောက်လုပ်ရေးကို ကန့်ကွက်တဲ့ နဖူးစီး စာတမ်းတွေကိုလည်း ကိုင်ဆောင် ဆန္ဒပြကြပါတယ်။ သူတို့ကို လုံခြုံရေးအဖွဲ့တွေက ဖယ်ရှားခဲ့ပါတယ်၊ ဒါပေမယ့် ဘလပ်တာက ဆန္ဒပြသမားတွေကို ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ ဖီဖာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိ ဒါဇင်နဲ့ချီပြီး အမေရိကန်ပြည်ထောင်စုမှာ တရားစွဲခံနေရသလို၊ ဘလပ်တာ ကိုယ်တိုင်လည်း ၆ နှစ် ပိတ်ပင်ခံထားရပါတယ်။

A d v e r t i s e m e n t With Us

More News
Up