Home
မြန်မာသတင်း
လှည်းကူးမြို့နယ်တွင် ချောတိုင်တက်ရန် တွင်းတူးရာမှ ကျည်ဆန်များ တွေ့ရှိ
DVB
·
April 17, 2016
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးအုပ်စု၊ ပန်းတောကုန်းကျေးရွာမှာ ဒီနေ့နှစ်ဆန်း ၁ ရက်နေ့ နှစ်စဉ်ကျင်းပနေတဲ့ ချောတိုင်တက်ပွဲပြုလုပ်ဖို့ မြေကြီးတွင်းတူးရာမှ သေနတ်ကျည်ဆန်တွေ တွေ့ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဖောင်းကြီးအရှေ့၊ ပန်းတောကုန်းကျေးရွာနေ လယ်သမား သက်မျိုးလင်း (ခ) ကိုလင်းရဲ အိမ်ခြံအလွတ်အတွင်း ရွာသားတွေက ချောတိုင်တက်ဖို့ မြေကြီးတွင်းတူးဖော်ရာကနေ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပန်းတောကုန်း ရွာသားတွေကဖောင်ကြီးရဲစခန်းကို အကြောင်းကြားလို့ ဖောင်ကြီးရဲစခန်းမှူးနဲ့တပ်ဖွဲ့ဝင်တွေ၊ နယ်မြေခံ အက်စ်ပီ၊ စအဖ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်မှတာဝန်ရှိသူတွေနဲ့ လေကြောင်းရန်ကာ ကွယ်ရေးတပ်က တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ အသုံးပြုလို့ရတဲ့ ရိုင်ဖယ်ကျည်အမျိုးအစား ကျည် ၈၅ တောင့်နဲ့ ပျက်စီးကျည် ၆၀ တောင့်တို့ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကျည်ဆန်တွေဟာ ၁၉၄၃ ခုနှစ်ထုတ် ကျည်ဖြစ်ပြီး တာဝန်ရှိသူတွေက ဆက်လက်တူးဖော်ရှာဖွေနေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ - ဦးညိုထွန်း  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024