အကျဉ်းစံလှောင်အိမ်တွင်းမှ ကျားများ၏ အနာဂတ်

ဝပ်ပါလောင်တဘူ ကျားဘုန်းကြီးကျောင်းမှာ ကျားတွေကို ပြုစုစောင့်ရှောက်နေကြတဲ့ စေတနာ့ဝန်ထမ်းတွေအဖို့ သူတို့နဲ့ လက်ပွန်းတတီးနေထိုင်ကြခဲ့ရတဲ့ ကျားတွေကို ပြောင်းရွှေ့ခံရမှုဟာ ၀မ်းနည်းကြေကွဲစရာပါပဲ။ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ တည်ရှိတဲ့ ဘုန်းကြီးကျောင်းတွင်းက ကျားတွေဟာ လပေါင်းများစွာကနေ နှစ်တွေချီကြာတဲ့တိုင်အောင် နေထိုင်လာခဲ့ကြတာဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်းတွေအဖြစ် နှစ်အရှည်ဆုံးလုပ်ကိုင်ခဲ့ကြတဲ့ ၀န်ထမ်းတချို့ဟာ ကျားတွေကို မွေးဖွားတာတွေကအစ အစာကျွေးမွေးတာတွေ၊ ပြုစုစောင့်ရှောက်တာတွေကို တလျှောက်လုံးလုပ်ဆောင်လာခဲ့ကြတာမို့ ခုလိုပြောင်းရွှေ့မှုမှာ ကျားတွေအတွက် ပြုစုစောင့်ရှောက်မှုတွေမှာ အဆင်မပြေမှုတွေရှိလာမှာကို စိတ်ပူပန်နေကြတာပါ။ ဘုန်းကြီးကျောင်းအနေနဲ့ ကျားတွေကို တရားမ၀င် ခိုးထုတ်တယ်ဆိုတဲ့ သံသယ နဲ့ စစ်ဆေးခံနေရပြီး လက်ရှိမှာတော့ တိရစ္ဆာန်ရုံလိုင်စင် သက်တမ်းတိုးခွင့်မရပဲ ငြင်း ပယ်ခံထားရတာပါ။ ကမ္ဘာလှည့်ခရီးသွားတွေကြား လူသိများတဲ့ ကျားဘုန်းကြီးကျောင်းကတော့ ဒါကို ငြင်းဆိုထားပါတယ်။ မကြာသေးခင်ကလည်း ထိုင်းနိုင်ငံ အမျိုးသား ဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နဲ့ အပင်များထိန်းသိမ်းရေးဌာနဟာ ဘုရားကျောင်းကနေ ကျား ၅ ကောင်ကို ဘေးမဲ့တောကို ပို့ဆောင်ခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက မကြာခင်ကာလအတွင်းမှာ ဘုန်းကြီးကျောင်းက ကျန်ရှိ နေတဲ့ ကျားကောင်ရေ ၁၄၆ ကောင်ကို ဖမ်းဆီးသိမ်းယူသွားမယ်လို့ သတိပေးထားခဲ့တာပါ။ ကျားဘုန်းကြီးကျောင်းဟာ ခုလိုရှားပါးသားရိုင်းတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်လေ့လာခွင့်ရရှိတဲ့အတွက် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တွေကြားမှာ ရေ ပန်းစားနေတာပါ။ ကျားတွေကို လေ့လာဖို့အတွက် ဧည့်သည်တွေအနေနဲ့ ထိုင်းဘတ်ငွေ ၆၀၀ ပေး ရတာဖြစ်ပြီး လမ်းလျှောက်ပြီး အလှမွေးကျားတွေကို အစာကျွေးတာတွေ ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အဓိကဆွဲဆောင်နိုင်တဲ့ နေရာ တခုဖြစ်လာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up