A d v e r t i s e m e n t With Us

မြိတ်သင်္ကြန် ၅ ရက်တာ စွန့်ပစ်အမှိုက်များ ပရဟိတ လူငယ်အဖွဲ့ ရှင်းလင်း

တနင်္သာရီတိုင်း မြိတ်မြို့မှာ သင်္ကြန် ၅ ရက်တာကာလ ရေပက်ခံသူတွေနဲ့ ဈေးသည်တွေ ရောင်းချ စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေကို ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းမှာ လမ်းစ ပရဟိတလူငယ်အဖွဲ့က ဦးဆောင်ပြီး စုပေါင်း ရှင်းလင်းနေပါတယ်။ မြိတ်စည်ပင်သာယာရေးအဖွဲ့ကလည်း သူတို့တတ်နိုင်တဲ့ အပိုင်းက အမှိုက်တွေကို ရှင်းပေးနေတာတွေ့ရပါတယ်။ "စည်ပင် တဖွဲ့တည်း နဲ့ ကောက်လို့ပြီးမယ်မထင်ဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့ကလည်း ပါဝင်ကုသိုလ်ယူတဲ့ အနေနဲ့ စုပေါင်းအမှိုက်ကောက်ပေးနေတာပါ" လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။ ဓာတ်ပုံ- မြတ်ထွဋ် (မြိတ်)  

A d v e r t i s e m e n t With Us

More News
Up