Home
မြန်မာသတင်း
ရန်ကုန်မြို့​အနီး​တွင် အစိမ်း​ရောင်ရွာ တည်​ထောင်မည်
ရွှေအောင်
·
August 22, 2011
ရန်ကုန်မြို့​ပြင်တ​နေရာမှာ သဘာဝပတ်ဝန်း​ကျင်ထိမ်း​သိမ်း​ရေး​ စံပြ​ကျေး​ရွာအဖြစ် အစိမ်း​ရောင်ရွာ တည်​ထောင်ဖို့​ ပြင်ဆင်​နေကြပြီလို့​ မိုး​လေဝသပညာရှင် ဦး​ထွန်း​လွင်က ​ပြောပါတယ်။ Green Development & Green Growth (GDGG) အဖွဲ့​မှာ မြန်မာပညာရှင် ဆယ်ဦး​ပါ အဖွဲ့​ကိုဖွဲ့​စည်း​ထား​ပြီး​ လုပ်​ဆောင်သွား​မယ့်​ လုပ်ငန်း​စဉ် တချို့​ကို အဖွဲ့​ဝင်တဦး​ဖြစ်တဲ့​ ဦး​ထွန်း​လွင်က ခုလို ​ပြောပါတယ်။ “ကျ​နော်တို့​က Green economy, green knowledge, green village စပြီး​လုပ်ဖို့​ ကြိုး​စား​နေတယ်။ ​လော​လောဆယ် စာတမ်း​တွေ ဖတ်ကြမယ်။ တ​နေ့​က ​နေပြည်​တော် အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ ဒီအ​ကြောင်း​လေး​ကို ကျ​နော်တို့​အဖွဲ့​ ကိုယ်စား​ပြုပြီး​တော့​ ​ဒေါက်တာခင်​မောင်လွင်က ဖတ်လိုက်တဲ့​အခါမှာ လူ​တွေက ​တော်​တော်သ​ဘောကျတယ်။ တနည်း​အား​ဖြင့်​ Environmental Conservation နဲ့​ ပတ်သက်ပြီး​တော့​ တချိန်မှာ ကျ​နော်တို့​အား​လုံး​က အဲဒီကိုပဲ သွား​ကြရမှာပဲ။ Green economy, green society, green village မြန်မာပြည်မှာ​တော့​ ပထမဆုံး​ ကြိုး​ပမ်း​မှုတခုလို့​ပဲ ​ပြောကြတာ​ပေါ့​။” အဖွဲ့​ထဲမှာ သစ်​တောပညာရှင် ဦး​အုန်း​၊​ ထွန်း​ဘဏ်ဥက္ကဋ္ဌ ဦး​သိန်း​ထွန်း​စတဲ့​ သူ​တွေအပြင် နယ်ပယ်စုံက အငြိမ်း​စား​ အစိုး​ရ အရာရှိ​တွေ ပါဝင် ဖွဲ့​စည်း​ထား​တယ်လို့​လည်း​ ​ပြောပါတယ်။ အဖွဲ့​အ​နေနဲ့​လာမယ့်​ ​အောက်တိုဘာလထဲမှာ ပြည်တွင်း​ပြည်ပ ပညာရှင်​တွေပါတဲ့​ ​ဆွေး​နွေး​ပွဲတခုပြုလုပ်ဖို့​ရှိပြီး​ အစိမ်း​ရောင်ရွာကို​တော့​ နိုဝင်ဘာလ​လောက်မှာ စတင်အ​ကောင်အထည်​ဖော်ဖို့​ရှိတယ်လို့​ သိရပါတယ်။ “လက်​တွေ့​လုပ်ကြည့်​မှ ​အောင်မြင်မှုတို့​၊​ အခက်အခဲတို့​ သိမယ်​ပေါ့​။ သီအိုရီပိုင်း​တော့​ ပထမဆုံး​ တည်​ဆောက်ကြည့်​တယ်။ တည်​ဆောက်တဲ့​အခါမှာ ခုန​ပြောသလို စာတမ်း​ဖတ်တယ်ဆိုတာ သီအိုရီပိုင်း​တည်​ဆောက်လိုက်တာပဲ။ အထူး​တလည် နည်း​လမ်း​တွေ၊​ တတ်သိစရာ​တွေကို စုလိုက်တာ​ပေါ့​၊​ ​နောက်မှ လက်​တွေ့​လုပ်မှာ။ ရွာကို တည်ပြီး​တော့​လုပ်ဖို့​ ရည်ရွယ်ထား​ပါတယ်။” လတ်တ​လောမှာ အဖွဲ့​ဝင်​တွေထည့်​ဝင်တဲ့​ ရန်ပုံ​ငွေနဲ့​ရပ်တည်မှာဖြစ်ပြီး​ ​နောင်​တော့​ အစိုး​ရမဟုတ်တဲ့​ အဖွဲ့​အစည်း​ အန်ဂျီအိုဆန်ဆန် ဖွဲ့​စည်း​သွား​ဖို့​ ရှိတယ်လို့​လည်း​ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024