Home
မြန်မာသတင်း
နိုင်ငံသူနိုင်ငံသားအားလုံး ၀ိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
April 17, 2016
နှစ်သစ်မှာ စိတ်သစ်၊ လူသစ် မျှော်လင့်ချက် အသစ်များဖြင့် ဆက်လက်လျှောက်လှမ်းကြရာမှာ နိုင်ငံသူ နိုင်ငံသားအပေါင်းကလည်း ၀ိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို ပန်ကြားလိုက်ပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန် ပွဲတော်ကာလ တလျှောက်လုံး  နိုင်ငံသူ နိုင်ငံသားတွေ စိတ်အေးချမ်းမြေ့စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ရေးအတွက် ကျရာနေရာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံသူ နိုင်ငံသားများကို ကျေးဇူးတင်တဲ့အကြောင်း ဖော်ပြထားတဲ့ ပန်ကြားလွှာမှာ အခုလို တိုက်တွန်းလိုက်တာပါ၊။ ပထမဦးစွာ သင်္ကြန်ပွဲတော်ရက်များအတွင်း ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် နယ်စွန် နယ်ဖျားဒေသတွေ၊ မြို့ရွာတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့များကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။ အဲဒီနောက်မှာတော့ သင်္ကြန်ကာလ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ယာဉ်ထိန်းရဲ၊ လုံခြုံရေးရဲ၊ ၂၄ နာရီ အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကျန်းမာရေး ၀န်ထမ်း၊ ကျရာတာဝန် ထမ်းဆောင်ခဲ့ကြတဲ့ မီးသတ်၊ ကြက်ခြေနီ၊ လူငယ် အဖွဲ့အစည်း၊ ပရဟိတ အဖွဲ့အစည်း အားလုံး၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနနဲ့ ရှေးရိုးရာမပျက် စတုဒီသာလှူဒါနကနေ ဘုရားကျောင်းကန် သန့်ရှင်းရေး၊ စတဲ့  အလှူဒါန ပြုခဲ့ကြတဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးကို  ကျေးဇူးတင်ရှိကြောင်းလည်း ဖော်ပြပါရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024