Home
မြန်မာသတင်း
ယူနတီဂျာနယ် အယ်ဒီတာနှင့် သတင်းထောက်များ ပြန်လွတ်
DVB
·
April 17, 2016
12998616_490745947782157_2454980844905325108_n
12994399_490745984448820_7273606511367720963_n
12993568_490745884448830_9106842365761257644_n
12990964_490746011115484_6591462445323282860_n
12985529_490745917782160_3518465817670890045_n
နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက်တွေဟာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပခုက္ကူအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်နေ့က ပခုက္ကူခရိုင် တရားရုံးမှာ ယူနတီဂျာနယ်က ဦးတင့်ဆန်းပါ ၅ ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေး ပစ္စည်း စက်ရုံကို လျှိ့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့အတွက် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦးနဲ့ ဦးအောင်သူရ တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ နှစ်ဆန်း ၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံတ၀န်း အကျဉ်းထောင်အသီးသီးကနေ နိုင်ငံရေးအကျဉ်းသား ၈၃ ဦး လွှတ်ပေးမယ်လို့ သိရပါတယ်။ ဓာတ်ပုံ - မြင့်နိုင်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024