မန်စီးတီးက အဂွါရို၏ ဟက်ထရစ်သွင်းဂိုးများဖြင့် ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၁၆ ရက်နေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်း တွေ့ဆုံတဲ့ပွဲမှာတော့ အိမ်ရှင် ချဲလ်ဆီးအသင်းကို မန်စီးတီးက ၃ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ကစားရပေမယ့် မန်စီးတီးကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးတွေကိုတော ပွဲချိန် ၃၃၊ ၅၄ နဲ့ ၈၀ (ပင်နယ်တီ) မိနစ်တွေမှာ အဂွါရိုတဦးတည်းက ဟက်ထရစ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၃ ပွဲကစား ရမှတ် ၆၀ နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။ ချဲလ်ဆီးအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up