A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် မန်ယူ ၁ – ၀ အက်စ်တွန်ဗီလာ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၁၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ယူအသင်းက အက်စတွန်ဗီလာ အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပွဲဆက်ရှုံးပြီး ဇယားအောက်ဆုံးမှာ ရောက်နေတဲ့ အက်စ်တွန်ဗီလာအသင်းဟာ တန်းဆင်းရဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပထမပိုင်း တပိုင်းလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ရယူကစားနိုင်ခဲ့ပြီး လူငယ်ခြေတက်လေး ရက်စ်ဖို့ကပဲ ပွဲချိန် ၃၂ မိနစ်မှာ မန်ယူအသင်းအတွက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အက်စ်တွန်ဗီလာအသင်းက တချက်တချက် ပြန်လည်ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် ချေပဂိုးတော့ သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပွဲစဉ်ပြီးဆုံးသွားပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၃ ပွဲကစား ရမှတ် ၅၆ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး အက်စ်တွန်ဗီလာအသင်းကတော့ ၃၄ ပွဲကစား ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up