A d v e r t i s e m e n t With Us

ထွက်ပြေး ချင်ပန်ဇီကို မေ့ဆေးဖြင့် ပစ်ဖမ်း (ရုပ်သံ)

ဂျပန်နိုင်ငံ မြောက်ပိုင်း ဆန်ဒိုင်းမှာရှိတဲ့ ယာဂီယာမ တိရစ္ဆာန်ရုံက ချင်ပန်ဇီအထီးတကောင် လွတ်မြောက်သွားလို့ မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဧပြီ ၁၄ ရက်က လွတ်မြောက်သွားတဲ့ ချင်ပန်ဇီအထီးချာချာဟာ တိရစ္ဆာန်ရုံနဲ့ မီတာ ၂၅၀ အထိ ရောက်ရှိလာပြီး လျှပ်စစ်ဓာတ်တိုင်ကနေ တဆင့် ကြိုးတွေပေါ်ကို တက်ရောက်သွားခဲ့ပါတယ်။ တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေက မေ့ဆေးသေနတ်နဲ့ ပစ်ခတ်စဉ်မှာလည်း ချာချာက ပြန်လည် ရန်မူဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မေ့ဆေးကြောင့် လျှပ်စစ်ကြိုးပေါ်ကနေ ပြုတ်ကျပြီး အောက်မှာ လူတွေ ခံထားတဲ့ ပိုက်ကွန်ထဲကို ကျသွားခဲ့ပါတယ်။ ချာချာဟာ ပြုတ်ကျတဲ့အတွက် ဒဏ်ရာအနည်းငယ်ရရှိသွားတယ်လို့ တိရစ္ဆာန်ရုံက ထုတ်ပြန်ပါတယ်။ လျှပ်စစ်ကြိုးတွေပေါ်မှာ သူ့ကို ဖမ်းဆီးစဉ် အနီးနားက ၁၈၄၈ အိမ်ဟာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပါတယ်။ ယာဂီယာမ တိရစ္ဆာန်ရုံက ချင်ပန်ဇီလွတ်သွားတဲ့အကြောင်းအရင်းကို ရှာဖွေရာမှာတော့ ခြံစည်းရိုးနားမှာ အပေါက်တပေါက်ရှိနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up