မြိတ်မြို့တွင် ရေသည်ယာဉ် တိမ်းမှောက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်နယ်မြေ ဘုရားကိုင်ကျောင်းအနီး ညောင်ပင်အောက်မှာ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်နောက်ဆုံးရက် မနက်ပိုင်းက သောက်/ သုံးရေရောင်း ရေသည်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီကနေ့ မနက်က တိမ်းမှောက်တဲ့ ရေသည်ယာဉ် ထော်လာဂျီကားက အတော် ဟောင်းနွမ်းနေပြီး အခင်းဖြစ်ပွားချိန်က တောင်းကုန်းအဆင်းမှာ ဂီယာနဲ့ဘရိတ်တွေ ကျွံပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းလာတဲ့ ကားနဲ့ဆိုင်ကယ်တွေကို တိမ်းရှောင်ရာက လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်ဟာ ခြေကြိုးသွားပြီး ယာဉ်မောင်းသူလည်း ထိခိုက်ဒဏ်ရာများရခဲ့တယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ သောက်သုံးရေရောင်း ရေသည်ယာဉ်တချို့ဟာ ယာဉ်အို ယာဉ်ဟောင်းတွေဖြစ်ပြီး ၀န်နဲ့မမျှ တင်ဆောင်မောင်းနင်းကြောင့် မကြာခဏ ယာဉ်ပျက်တာနဲ့ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပွားနေတာကြောင့် သက်ဆိုင်ရာက ခေါ်ယူကြပ်မတ်ပေးဖို့ မြို့ခံတွေက လိုလားနေကြပါတယ်။
သတင်းဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)