မက္ကဆီကန် မာဖီးယား အယောက် ၂၀ ကျော်ကို အမေရိကန်ရဲ ဖမ်းဆီး
အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ်ထဲမှာ မက္ကဆီကန် မာဖီယား အယောက် ၂၀ ကျော်ကို ဧပြီ ၁၅ ရက်နေ့က ဖမ်းမိတယ်လို့ အရာရှိတွေက ပြောပါတယ်။
ပြည်နယ်အတွင်းက ဟောစတန်မြို့ကနေ ဆန် အန်တိုနီယိုမြို့အထိ အကြီးစား စစ်ဆင်ရေး တခုပြုလုပ်ပြီး လူဆိုးဂိုဏ်းဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးအတွင်းမှာ ရဲအင်အား ၁၅၀ လောက် ပါဝင်ခဲ့ပြီး ဖမ်းမိသူတွေထဲမှာလည်း နာမည်ကြီးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးနိုင်လိုက်တဲ့အတွက် တက္ကဆတ် ပြည်နယ်ထဲက မက္ကဆီကန် မာဖီးယားတွေရဲ့ လှုပ်ရှားမှုကို အကြီးအကျယ် အထိနာစေမယ်လို့ ရဲဌာနက ပြောပါတယ်။
ဒီစစ်ဆင်ရေးကို ၁၈ လကြာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုရဲနဲ့ ပြည်နယ် ရဲအဖွဲ့တို့ အပါအ၀င် ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။