အမေရိကန် တိရစ္ဆာန်ရုံ ၀န်ထမ်းအမျိုးသမီး ကျားကိုက်သေဆုံး (ရုပ်သံ)
အမေရိကန် ပြည်ထောင်စု ဖလောရီဒါ ပြည်နယ်က တိရစ္ဆာန် ရုံတရုံမှာ ဧပြီ ၁၅ ရက်နေ့က ကျားထိန်း ၀န်ထမ်း အမျိုးသမီးတဦး ကျားကိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဆန်း ဆန်တင်းနယ် Sun Sentinel သတင်းစာက ဖော်ပြပါတယ်။
ပန်း ဘိခ်ျ တိရစ္ဆာန်ရုံ Palm Beach Zoo မှာ ကျားထိန်းက ကျားကို ပုံမှန် အစာကျွေးနေစဉ် ဖြစ်သွားတာလို့ တိရစ္ဆာန်ရုံက ပြောခွင့်ရသူ နစ်ကီ ကာတာ Naki Carter ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
အခင်းဖြစ်ပြီးနောက် ကျားကို ပြန်ထိန်းနိုင်ခဲ့ပြီး ဒဏ်ရာရတဲ့ အမျိုးသမီးကို ဆေးရုံပို့ခဲ့ပေမယ့် ကျားက တိုက်ခိုက်ထား ခံထားရတဲ့ ဒဏ်ရာနဲ့ပဲ သေဆုံးသွားတယ်လို့ သတင်းက ဆိုပါတယ်။