ဧပြီ ၁၁ ရက်ကနေ ၁၅ ရက် ထိုင်းသင်္ကြန်ပွဲတော် ကာလအတွင်း မတော်တဆမှုကြောင့် လူ ၁၈၃၆၀ ဆေးရုံတက်ရောက်ကုသခံရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီအထဲက ၃၂ ရာခိုင်နှုန်း ၅၈၀၀ ဟာ အရက်ကြောင့် ဖြစ်တဲ့ မတော်တဆမှုကြောင့် ဆေးရုံမှာ တက်ရတာလို့ ကျန်မာရေးဝန်ကြီး ပရာဆတ်ကော့ ဆတ်ကိုဆတ်တယာဒေါင်းက ဧပြီ ၁၅ ရက်က ပြောပါတယ်။
မတော်တဆမှုကြောင့် နိုင်ငံတ၀န်း သေဆုံးသူကတော့ ၂၇၃ ဦးရှိ ၁၆၅၄ ဦးကတော့ အရေးပေါ် ကုသပေးနေရတယ်လို့ ၀န်ကြီးကို ကိုးကားပြီး ထိုင်းဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။
မတော်တဆဖြစ်တဲ့လူတွေထဲက ၂၃၂၂ ဦးက ဆိုင်ကယ်မောင်းရာမှာ ဦးထုတ်မဆောင်းသလို ၄၅၆ ဦးကတော့ ကားမောင်းရာမှာ ခါးပတ်မတပ်ဘူးလို့ ဆိုပါတယ်။
ဧပြီ ၁၅ ရက်ကလည်း နိုင်ငံတ၀န်းမှာ အရက်သောက်ပြီး ကားမောင်းတဲ့ လူ ၂၂၁၄၆ ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

အရင်နှစ် သင်္ကြန်ကာလအတွင်း လူ ၃၆၄ ဦးသေဆုံးခဲ့ပြီး ၃၅၅၉ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။