A d v e r t i s e m e n t With Us

ဂျပန်တွင် အင်အားပြင်း ငလျင် ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်

Firefighters walk among collapsed houses caused by an earthquake in Mashiki town, Kumamoto prefecture, southern Japan, in this photo taken by Kyodo April 15, 2016. Mandatory credit REUTERS/Kyodo
ဂျပန် နိုင်ငံတောင်ပိုင်းမှာ နှစ်ရက် ဆက်တိုက် ငလျင်ဒဏ်ခံခဲ့ရပြီးနောက် ၀န်ကြီးချုပ် ရှင်ဇို အာဘေးက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့  စစ်တပ်တွေကို စေလွှတ်ထားပါတယ်။ ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းက ကူမာမိုတိုခရိုင် မာရှီကီမြို့နားမှာ  လူ ၉ ဦး သေဆုံးခဲ့ရတဲ့ ငလျင်လှုပ်အပြီး ဒီနေ့ ဧပြီ ၁၆ ရက်နေ့ ဒေသ စံတော်ချက် မနက် ၁ နာရီ ၂၅ မိနစ် အချိန်မှာ ကူမာမိုတို ခရိုင်ထဲမှာပဲ  မြေအောက် ၇ ကီလိုမီတာကို ဗဟိုပြုပြီး ငလျင်ကြီးတခု ထပ်လှုပ်ခတ်ခဲ့တာပါ။ အသက်ကယ်ဆယ်ရေး၊ ကူညီရေး လုပ်ငန်းတွေကို အစိုးရက ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် အာဘေးက ပြောပါတယ်။ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်ကြောင့်  ၁၁ ဦး သေဆုံးခဲ့ပြီး ရာနဲ့ ချီ ဒဏ်ရာရရှိသွားပါတယ်၊ လူ ၇၆၀ လောက် ဆေးရုံတွေမှာ ကုသမှု့ ခံယူနေရတယ်လို့   NHK သတင်းက ဆိုပါတယ်။ အဆောက်အဦတွေလည်း ပြိုကျ ပျက်စီးသွားတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ငလျင်ဒဏ်ခံရတဲ့ ဒေသက ကျယ်ပြန့်ပြီး တချို့က ပြိုကျနေတဲ့ အဆောက်အဦတွေ အောက်မှာ ပိတ်မိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒေသထဲမှာ အိမ်ခြေ ၂ သိန်းလောက် လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်၊ ရေကာတာ အနီး နေထိုင်သူတွေကိုလည်း ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ သတိပေးထားတယ်လို့  NHK သတင်းက ဆိုပါတယ်။ ငလျင်အပြီးမှာ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် နောက်တော့ ပြန်ရုပ်သိမ်းခဲ့ပါတယ်၊ အနီးအနားက နယူးကလီးယား ဓာတ်အားပေး စက်ရုံတွေတော့ မထိခိုက်ဘူးလို့ အဆင့်မြင့် အစိုးရ အရာရှိက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up