A d v e r t i s e m e n t With Us

ဂန့်ဂေါခရိုင် ရောင်နက်ကျေးရွာ သောက်သုံးရေပြတ်

မကွေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ် အစပ်က ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် ဇီးပြားအုပ်စု ရောင်နက်ကျေးရွာလေးမှာ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ သောက်သုံးရေအနေနဲ့ ရေတွင်း ရေကန်တွေမှာ ရေတွေ နောက်လာပြီး ခန်းခြောက်လာတယ်။ ပြီးတော့ ရေက ပြတ်နေပြီ။ ဒီအခက်အခဲအတွက် သောက်ရေကို ချွေတာပြီး ဝအောင်တောင် မသောက်ပဲ အာသာပြေသောက်ရတယ်လို့ ရောင်နက်ကျေးရွာရောက် ကိုရဲဦးက ပြောပါတယ်။ အဆိုပါရွာလေးမှာ နေထိုင်ကြတဲ့ အိမ်ခြေပေါင်း ၁၀၀ ကျော်ရှိပြီး သောက်သုံးရေ ရှားပါးခန်းခြောက်နေလို့ သင်္ကြန် ဒုတိယအကြတ်နေ့က ဂန့်ဂေါ ရဲဌာနက ရဲတပ်ဖွဲ့ဝင်မိသားစုများစုပေါင်းပြီး ရေသန့်ဘူးကြီး ၁၃၀ သွားရောက်လှူတန်း ခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - မင်းရဲစစ်နိုင်  

A d v e r t i s e m e n t With Us

More News
Up