အမြန်လမ်း သတိပေးမှု ၂၄ နာရီ လုပ်ဆောင်နေ
DVB
·
April 16, 2016
ရန်ကုန် - မန္တလေး အမြန်လမ်း အမှတ်(၃) လမ်းဆုံ Toll Gate မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း၊ sticker များ ကပ်ခြင်း၊ ယာဉ်မောင်းသူများအား လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ခါးပတ်ပတ်စေခြင်း၊ သတ်မှတ် မိုင်နှုန်းအတိုင်း မောင်းနှင်စေခြင်း၊ အိပ်မငိုက်စေရန် သတိပေးခြင်း စတဲ့ လုပ်ငန်းများအား နေ့/ည ၂၄ နာရီ လုပ်ဆောင်နေတယ်လို့ အမြန်လမ်းစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က သတင်းထုတ်ပါတယ်။
အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆဖြစ်ပွားမှု အများဆုံးဖြစ်လေ့ရှိတဲ့နေရာတွေမှာလဲ Highway Patrol ကားများ၊၀န်ထမ်းများနဲ့ စောင့်ကြပ်ကြည့်ရှုနေပြီး သင်္ကြန်ကာလအတွင်း အမြန်လမ်းမှာ ယာဉ်အသွားအလာ များပြားလျက်ရှိပါတယ်။