Home
မြန်မာသတင်း
မြန်မာသင်္ကြန် ၃ ရက်အတွင်း လူ ၂၀ သေဆုံး
DVB
·
April 16, 2016
13001167_951044768345995_5276604804975687368_n
12987203_951044775012661_4535625742056016427_n
12963674_951044761679329_7679715850361674798_n
မြန်မာသင်္ကြန်အကြို ဧပြီ ၁၂ ရက်ကနေ ဧပြီ ၁၄ ရက်ထိ ၃ ရက်အတွင်း လူ ၂၀ သေဆုံးခဲ့ပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ အဲ့ဒီကာလအတွင်း ခါးပိုက်နှိုက်မှု ၄၃ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက်မှာ နာကျင်စေမှုနဲ့ ယာဉ်တိုက်မှုတို့ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဒီအတောအတွင်း ဧပြီ ၁၄ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့ သောင်းရင်းမြစ်ထဲ ရေကစားရင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီးလူးကျွန်းကျေးရွာနေ မ၀ိုင်းဝိုင်းထွန်းနဲ့ မစိုးစိုး(ခ)မတင်တင်ထွန်းတို့ ညီအစ်မနှစ်ဦး ရေကစားရင်း ရေနစ်သေဆုံးခဲ့တာဖြစ်ပြီး သူတို့ကို လိုက်ကယ်ဆယ်တဲ့ အမည်မသိ အမျိုးသားတဦးတို့ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024