A d v e r t i s e m e n t With Us

သမ္မတ ဦးထင်ကျော် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောမည်

ဓာတ်ပုံ - MOI
သမ္မတဦးထင်ကျော်က မြန်မာနှစ်ဆန်းတရက် ဧပြီ ၁၇ ရက် မနက်ဖန်မနက်မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ ဦးထင်ကျော် သမ္မတဖြစ်လာပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်တွင်း ပထမဆုံးအကြိမ် ၂ မိနစ်ကျော်ကြာ တိုးတောင်းတဲ့မိန့်ခွန်းပြောခဲ့ပြီး အခု တခါ ရုပ်မြင်သံကြားနေ  လူထုကို ပထမဆုံး နှုတ်ခွန်းဆက်စကား ပြောကြားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်အကြိုနေ့ကလည်း သမ္မတအိမ်တော်ရေသဘင်ပွဲအတွင်း ဦးထင်ကျော်က နှုတ်ခွန်းဆက်စကားပြောခဲ့ပြီး အရပ်ဘက်နဲ့ စစ်ဘက်အကြား မဟာတံတိုင်းကြီး မခြားစေချင်တဲ့ အကြောင်းနဲ့ နိုင်ငံသူနိုင်ငံသားတွေကို မင်းပြစ်မင်းဒဏ်က ကင်းဝေးကြပါစေလို့ ပြောခဲ့ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ မိဘပြည်သူများခင်ဗျားလို့ အစချီပြီး တိုင်းပြည်ကို တလတခါ မိန့်ခွန်းပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up